ကျားငါးကောင်
ဇမ္ဗူလာသွေးဆေး
ဇမ္ဗူလာသွေးဆေး၏အာနိသင်
ဤဇမ္ဗူလာသွေးဆေးကို သားသတ်လွတ်စားသုံးသူများ၊
ရဟန်းသံဃာတော်များနှင့် ကျား-မ အရွယ်မရွေး
စိတ်ချယုံကြည်စွာ သုံးဆောင်နိုင်ပါသည်။ မကြာခဏ
ဖျားတတ်သော နလန်ထလူမမာများ၊
အသားဓာတ်နှင့်အာဟာရချို့တဲ့သူများ၊ နာတာရှည်
ဝေဒနာသည်နှင့်ကိုယ်ခံအားနည်းသူများ၊ အသားအရေ
ညစ်နွမ်းပြီး ပိန်ချုံးချည့်နဲ့သူများ
အစာစားပြီးတိုင်းသောက်ပေးပါ။
နောက်ကြောတက်၊ ဇက်ကြောထိုးခြင်း၊
ကိုယ်လက်ညောင်းညာခြင်း၊
လေးလံထိုင်းမှိုင်းခြင်း၊မူးဝေခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊
နှလုံးနှင့် အာရုံလက်ပန်းကျခြင်း၊နှလုံးနှင့်
အာရုံကြော အားနည်းခြင်း၊ ဦးနှောက် မကြည်လင်၍
ငြီးငွေ့နေသူများအတွက် တစ်နေ့(၃)ကြိမ်မှ
(၄)ကြိမ်အထိ ရေနွေးနှင့် သောက်သုံးနိုင်ပါသည်။
အစာမကြေ၍ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊
လေထိုးလေနာဖြစ်ခြင်း၊ ရင်ပူရင်အောင့်ဖြစ်ခြင်း၊
ချောင်းဆိုး၍ အာခေါင်ခြောက်ခြင်း၊
ချွဲသလိပ်ထခြင်း၊ မကြာခဏ အော့အန်ချင် ညအိပ်မပျော်၍
ခံတွင်းပျက် အစားပျက်သူများ၊ သက်ကြီးရွယ်အိုများ၊
အားကစားနှင့် ဥာဏလုပ်သားများ၊ အရက်ဖြတ်လိုသူများ
အင်အားနှင့် အာဟာရ အားကောင်းစေသည်။
သောက်သုံးရန် အညွှန်း
လူကြီးတစ်ခါသောက် (၁)မူးသား၊ ကလေးတစ်ခါသောက်
(၁)ပဲသား တစ်နေ့ (၃)ကြိမ်မှ (၄)ကြိမ်အထိ
ရေနွေးနှင့်သောက်သုံးနိုင်ပါသည်။
မီးယပ်ပိန်၊
မီးယပ်ခြောက်ဖြစ်ခြင်း၊
ကလေးမိခင်များ နို့ထွက်နည်းခြင်း၊
အမျိုးသမီးများ သွေးသားမမှန် - ဓမ္မတာမမှန်ခြင်း၊
သွေးအားနည်းများအတွက် တစ်ခါသောက်(၁)မူးသား၊
တစ်နေ့(၄)ကြိမ် ပုံမှန်သောက်ပေးပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း
စိတ်ချယုံကြည်စွာ သုံးဆောင်နိုင်ပါသည်။
ဤဆေးကို
နေ့စဉ်မှန်မှန်သုံးစွဲပါက
ဦးနှောက်ကြည်လင်ရွှင်လန်းခြင်း၊ သွားလာ
လှုပ်ရှားရာတွင် ပေါ့ပါးသွက်လက်၍
လမ်းလျှောက်ကောင်းခြင်း၊ အမောအပန်းခံနိုင်၍
ခရီးသွားနိုင်ခြင်း၊ လျှင်မြန်ခြင်း၊ မူးဝေခြင်း၊
ရင်တုန် နှလုံးတုန် ကင်းဝေး၍ စားကောင်းအိပ်ပျော်
ကျန်းမာပြည့်ဖြိုး ကျစ်လစ်ပြီင်္း ကောင်းသော
အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ပါဝင်သောပစ္စည်းများ
စန္ဒကူးနီ၊ နွယ်ချို၊ ဇ၀က်သာ၊ ဇာသီး၊ နံ့သာဖြူ၊
လေးညှင်း၊ စမုံမျိုးငါးပါး၊ ပရုပ် စသည့်ဆေးများ
ပါဝင်ပါသည်။
ဖြန့်ချီရေး
ဦးဆံကောနှင့်သားများ
‘ကျားငါးကောင်’ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်း
(၂)ရပ်ကွက်၊ ပိတောက်လမ်း၊ ကျောက်မဲမြို့၊ရှမ်းပြည်နယ်။
ဆက်သွယ်ရန် အီးမေး(လ်) ။ ။
